Skip to main content

အဆင်သင့်ဖြစ်မဖြစ်

အာဏာရဖို့ (သို့) အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ဆိုရင် အရင်ဆုံး "အဆင်သင့်ဖြစ်ပြီ" ဆိုတာကို သက်သေပြဖို့ လိုတယ်ဆိုတဲ့ ထူးဆန်းတဲ့ အယူအဆတခု ရှိပါတယ်။ ဒီအယူအဆက ရယ်စရာကောင်းသလို အန္တရာယ်လည်း ကြီးပါတယ်။


အစိုးရပဲဖြစ်ဖြစ်၊ ကုမ္ပဏီပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတခုခုမှာပဲဖြစ်ဖြစ် အဖွဲ့တိုင်းမှာ ဘယ်သူတွေက "အဆင်သင့်ဖြစ်ပြီလဲ" ဆိုတာကို ဆုံးဖြတ်ပေးတဲ့ တရားဝင်မဟုတ်တဲ့ လူတစု ရှိတတ်ပါတယ်။ သူတို့ကို ဘယ်သူမှ မဲပေးရွေးချယ်ထားတာ မဟုတ်ပေမဲ့ သူတို့မှာ အာဏာရှိပါတယ်။ သူတို့ရဲ့ စစ်ဆေးမယ့်စာရင်း (Checklist) က လျှို့ဝှက်ချက်ဆိုပေမဲ့ လူတိုင်းလိုလို ရိပ်မိနေကြပါတယ်။ "အဆင်သင့်ဖြစ်ပြီ" လို့ အပြောခံရဖို့ဆိုရင် များသောအားဖြင့် ဒီအချက်တွေ လိုတတ်ပါတယ်။


လက်ရှိ အာဏာရှိနေတဲ့သူတွေ ပြောသလို၊ လုပ်သလို လိုက်လုပ်ပြရမယ်။
ဘယ်သူမှ ထုတ်မပြောပေမဲ့ အားလုံးသိနေတဲ့ စည်းမျဉ်းတွေကို နားလည်ရမယ်။
ခက်ခဲတဲ့မေးခွန်းတွေ မေးပြီး လက်ရှိခေါင်းဆောင်တွေကို သိပ်စိတ်မသက်မသာ မဖြစ်စေရဘူး။


တိုတိုပြောရရင် "အဆင်သင့်ဖြစ်ပြီ" ဆိုတာ "ငါတို့နဲ့ တူနေပြီ" လို့ ပြောတာပါပဲ။
လူတွေက "လုပ်ပိုင်ခွင့်အာဏာ" (Mandate) ဆိုတဲ့ စကားလုံးကိုလည်း သုံးကြပါတယ်။ နားထောင်လို့တော့ ကောင်းပါတယ်၊ ပြည်သူတွေက ကိုယ့်ကို ရွေးချယ်လိုက်သလိုပေါ့။ ဒါပေမဲ့ အများအားဖြင့်ကတော့ ဒါဟာ ဟိုအရင်က အာဏာတည်ဆောက်ပုံ အဟောင်းကိုပဲ ခမ်းနားအောင် နာမည်လှလှ တပ်ထားတာပါ။ ဒီလုပ်ပိုင်ခွင့်ရဖို့ စည်းကမ်းတွေကို အဲဒီလုပ်ပိုင်ခွင့် ရပြီးသားလူတွေကပဲ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါဟာ သူတို့အချင်းချင်း လည်နေတဲ့ စက်ဝိုင်းပါပဲ။ ထိပ်ပိုင်းရောက်ဖို့ လုပ်ပိုင်ခွင့် လိုတယ်လို့ သူတို့က ပြောပေမဲ့၊ သူတို့လို တွေးတတ်၊ သူတို့လို လုပ်တတ်တဲ့ လူတွေကိုမှ ဒီလုပ်ပိုင်ခွင့်ကို ပေးတာပါ။


ဒီစနစ်ကြီးက ပြဿနာတခုကို တကယ်အသိဆုံးလူတွေကို အပြင်ရောက်သွားအောင် တွန်းထုတ်ပစ်လိုက်ပါတယ်။ ကိစ္စတခုကြောင့် ကိုယ့်ဘဝ ထိခိုက်နစ်နာနေရရင်တောင်၊ ကိုယ်က "စိတ်ခံစားချက် သိပ်ပါလွန်းတယ်" (ဒါမှမဟုတ်) "ဒီကိစ္စနဲ့ သိပ်နီးစပ်လွန်းတယ်" ဆိုပြီး အဖြေရှာတဲ့နေရာမှာ မပါဝင်ခိုင်းတတ်ကြပါဘူး။ သူတို့က ပြဿနာနဲ့ ဝေးနေတာကို "ဓမ္မဓိဋ္ဌာန်ကျတယ်" လို့ အထင်မှားတတ်ကြပါတယ်။ သက်သောင့်သက်သာ ဖြစ်နေတာကို လုပ်ရည်ကိုင်ရည်ရှိတယ်လို့ ရောထွေးတတ်ကြပါတယ်။ ဒါကြောင့် နောက်ဆုံးမှာ ပြဿနာဒဏ် အနည်းဆုံးခံရမယ့် လူတွေကပဲ လူအားလုံးအတွက် စည်းမျဉ်းတွေ ချမှတ်တဲ့သူတွေ ဖြစ်လာကြပါတယ်။


ပြီးတော့ ဒါက လူကြီးတွေကို ကလေးတွေလို ဆက်ဆံတာမျိုးလည်း ဖြစ်နေပါတယ်။ လူအုပ်စုကြီးတွေကို "တာဝန်ယူဖို့ အဆင်သင့်မဖြစ်သေးဘူး"၊ "ရှုပ်ထွေးတဲ့ ရွေးချယ်မှုတွေကို ကိုင်တွယ်ဖို့ ရင့်ကျက်မှုမရှိသေးဘူး" (ဒါမှမဟုတ်) "ကိုယ့်အတွက် ဘာကောင်းလဲဆိုတာ သိဖို့ ပညာမတတ်သေးဘူး" လို့ ပြောလေ့ရှိပါတယ်။ "အဆင်သင့်ဖြစ်မှု" ဆိုတာ ရွေ့နေတဲ့ ပန်းတိုင်တခု ဖြစ်လာပြီး၊ ကိုယ်နဲ့ ဘယ်တော့မှ လက်လှမ်းမမီအောင် ပိုပိုဝေးသွားတတ်ပါတယ်။ "တနေ့ကျရင် မင်း ပါဝင်ခွင့်ရမှာပါ" ဆိုတဲ့ ကတိဟာ တကယ်တော့ ဒီနေ့မှာ မင်းကို ထိန်းချုပ်ထားဖို့ သုံးတဲ့ လက်နက်တခုပါပဲ။


မေးခွန်းတခုကို ပြတ်ပြတ်သားသား မေးသင့်ပါတယ်။ "အဆင်သင့်ဖြစ်မှု" အစစ်အမှန်ဆိုတာ ရှားပါးပြီး ထူးခြားတဲ့အရာလို့ လူတိုင်းကို ပြောနေတာ ဘယ်သူ့အတွက် အကျိုးရှိလို့လဲ။ အဖြေကတော့ ဆုံးဖြတ်ချက်ချနေပြီးသား လူတွေအတွက်ပါပဲ။ သူတို့အတွက်ကတော့ အာဏာရှိနေရတာဟာ လေးလံတဲ့ တာဝန်တခု မဟုတ်ပါဘူး။ ဒါတောင် တခါတလေ အာဏာရှိရတာ မတော်တဆဖြစ်လာပြီး ဝန်ထုပ်ဝန်ပိုးပေးခံရသလို လုပ်ပါသေးတယ်။ သက်သောင့်သက်သာရှိတဲ့ အကျင့်တခုပါ။ ဟိုတခါက ငိုပြတဲ့ သူဌေးကြီးကို မှတ်မိပါသလား။ ဒါမှမဟုတ် ညည်းညူတော်မူကြတဲ့ ကိုယ်စားလှယ်တော်ကြီးများ ဝန်ကြီးများအသီးသီးကို မှတ်မိပါသလား။ ဒါမှမဟုတ် စကစနဲ့ အပေါင်းအပါကောင်စီဝင်များကို သွားကြည့်လိုက်ပါ။ သူတို့ကြွေးကြော်တဲ့ "လုပ်ပိုင်ခွင့်" ဆိုတာ တကယ်တမ်း ပြည်သူ့ထောက်ခံမှုနဲ့ မဆိုင်ပါဘူး။ သူတို့ကို ဘယ်သူမှ စိန်မခေါ်ရဲအောင် ကာကွယ်ထားတဲ့ ဒိုင်းတခုသာ ဖြစ်ပါတယ်။
လူတွေ တွေးတာ ပြောင်းပြန်ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ အဆင်သင့်ဖြစ်အောင် အရင်သင်ယူပြီးမှ ဆုံးဖြတ်ခွင့်ရတာ မဟုတ်ဘဲ၊ ဆုံးဖြတ်ချက်ချရင်း၊ လက်တွေ့လုပ်ရင်း၊ သင်ယူရင်းနဲ့မှ အဆင်သင့် ဖြစ်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အားလုံးက လူငယ်ဘဝက တက်လာတာ မဟုတ်လား။ 


ပြီးတော့ "လုပ်ပိုင်ခွင့်" (Mandate) ဆိုတာကို တသက်လုံး အုပ်ချုပ်ဖို့ ပေးထားတဲ့ လိုင်စင်လို့ မမြင်ဘဲ၊ ကိုယ်က ပြည်သူကို စိတ်ပျက်အောင်လုပ်ရင် ပြည်သူက အချိန်မရွေး ပြန်ရုပ်သိမ်းနိုင်တဲ့ ယာယီယုံကြည်မှုတခုအဖြစ် မြင်သင့်ပါတယ်။ ဒါက စနစ်လည်းကျတယ်၊ အာဏာရှင်တိုင်းဆီကလည်း ကာကွယ်နိုင်တယ်။
ဆုံးဖြတ်ချက်ချပိုင်ခွင့်ဆိုတာ သက်ဆိုင်သူ အားလုံးရဲ့ အလုပ်လို့ မသတ်မှတ်ဘဲ၊ လူနည်းစုအတွက် သီးသန့်ဆုလာဘ်တခုလို သတ်မှတ်တဲ့ ဘယ်စနစ်မဆို သူ့ရဲ့ သဘောထားအမှန်ကို ပြလိုက်တာပါပဲ။ ဘယ်သူက အရေးပါတယ်၊ ဘယ်သူက အရေးမပါဘူးဆိုတာ သူ ဆုံးဖြတ်လိုက်တာပါ။


အာဏာတည်ဆောက်ပုံတခု မမျှတဘူးဆိုတာကို ပြနေတဲ့ အကြီးမားဆုံး သဲလွန်စက ခေါင်းဆောင်တွေ အားနည်းနေတာ မဟုတ်ပါဘူး။ နောက်ထပ် လူတွေကို သူတို့နဲ့တန်းတူပါဝင်ခွင့်ပေးဖို့ သူတို့ ကြောက်ရွံ့နေတာပဲ ဖြစ်ပါလိမ့်မယ်။

 

 

Comments

Popular posts from this blog

တန်ဖိုးထားမှုများက အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖြစ်လာသောအခါ

လူ့အဖွဲ့အစည်းတိုင်းတွင် အမှားအမှန် ခွဲခြားသိမြင်ပြီး ဂရုစိုက်တတ်သူများ လိုအပ်သည်။ သူတို့မရှိလျှင် ရက်စက်မှုများသည် သာမန်ကိစ္စတခုကဲ့သို့ လွယ်လွယ်ကူကူ ဖြတ်သန်းသွားပေလိမ့်မည်။ သို့သော် ကိုယ်ကျင့်တရားဆိုင်ရာ စိုးရိမ်ပူပန်မှု (Moral concern) နှင့် လူမှုဗေဒပညာရှင်များ ခေါ်ဆိုသော "ကိုယ်ကျင့်တရား စွန့်ဦးတီထွင်မှု" (Moral entrepreneurship) ကြားတွင် ကွာခြားချက်တခု ရှိသည်။ ထိုကွာခြားချက်သည် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် တခုက လူ့ဂုဏ်သိက္ခာကို ကာကွယ်ပေးသော်လည်း၊ အခြားတခုက ကိုယ်ကျင့်တရားကို ထိန်းချုပ်ရေး ကိရိယာတခုအဖြစ် ပြောင်းလဲပစ်လေ့ ရှိသောကြောင့် ဖြစ်သည်။ ဟောင်းဝဒ် အက်စ် ဘက်ကာ (Howard S. Becker) သည် ၁၉၆၃ ခုနှစ်တွင် ထုတ်ဝေသော Outsiders: Studies in the Sociology of Deviance (ဘေးဖယ်ခံရသူများ - သွေဖည်ခြင်းဆိုင်ရာ လူမှုဗေဒ လေ့လာချက်များ) စာအုပ်တွင် Moral Entrepreneurship ဟူသည့် ဝေါဟာရကို ဖော်ပြခဲ့သည်။ အခန်း (၃) တွင် "တံဆိပ်ကပ်ခြင်း သီအိုရီ" (Labeling Theory) မှတဆင့် သွေဖည်ခြင်း (Deviance) ကို လူ့အဖွဲ့အစည်းက မည်သို့ တည်ဆောက်ယူသည်ကို ရှင်းပြရန် ဤအယူအဆကို မိတ်ဆက်ခဲ့သည်။ အချို့သော ...

အိမ်ထဲက နိုင်ငံရေး၊ သွေးထဲက ဒဿန

စာရှုသူ စဉ်းစားကြည့်ဖူးပါသလား။ လူတယောက်က ဘာကြောင့် အာဏာကို လိုလိုလားလား ခွဲဝေပေးရတာလဲ။ တချို့က ဘာလို့ အာဏာကို မက်မောလိုလားသလဲ။ နောက်တယောက်ကျတော့ ဘာကြောင့် အာဏာရှင်ဆန်ဆန် ခေါင်းဆောင်တယောက်ကို တိတ်တိတ်လေး မျှော်လင့်နေရတာလဲ။ ကျောင်းမှာ သင်ခဲ့တဲ့ နိုင်ငံရေးသိပ္ပံ သင်ခန်းစာတွေကြောင့်လို့ ထင်ပါသလား။ ဒါမှမဟုတ် သူတို့ ဖတ်ခဲ့တဲ့ စာအုပ်တွေကြောင့်လား။ တကယ်တော့ အဖြေက ဒီထက်ပိုပြီး နက်ရှိုင်းနိုင်ပါတယ်။ စာရေးသူတို့ရဲ့ နိုင်ငံရေးအမြင်တွေဟာ လွှတ်တော်ထဲမှာ မွေးဖွားတာမဟုတ်ဘဲ၊ ထမင်းဝိုင်းထဲမှာ၊ အိပ်ရာဝင်ပုံပြင်တွေထဲမှာ၊ မိဘနဲ့ သားသမီး ဆက်ဆံရေးတွေထဲမှာ သန္ဓေတည်ခဲ့တာ ဖြစ်နိုင်ပါတယ်။ မိသားစုဟူသည် ပထမဆုံးသော နိုင်ငံရေးစနစ် ပြင်သစ် မနုဿဗေဒပညာရှင်နှင့် သမိုင်းပညာရှင် Emmanuel Todd က စိတ်ဝင်စားစရာကောင်းတဲ့ သီအိုရီတခုကို တင်ပြခဲ့ပါတယ်။ သူက "ကမ္ဘာ့မြေပုံပေါ်က နိုင်ငံရေးဝါဒတွေ ကွဲပြားနေတာဟာ မတူညီတဲ့ မိသားစုစနစ် (Family Systems) တွေကြောင့် ဖြစ်တယ်" လို့ ဆိုပါတယ်။ Todd ရဲ့ အဆိုအရ ကမ္ဘာပေါ်မှာ အဓိက မိသားစုပုံစံကြီး နှစ်မျိုး ရှိပါတယ်။ ၁။ ဩဇာပဓာနမိသားစု (Authoritarian Family) - ဒီမိသားစုမျိုးမှာ ဖခင်ရဲ့ အာဏ...

တိုက်ပွဲသည် အဆုံးမဲ့ညှစ်ထုတ်ယူရန်မဟုတ်

တော်လှန်တိုက်ပွဲဝင်လှုပ်ရှားမှုများတွင် တွေ့ရတတ်သော အသံမထွက်သည့် ရက်စက်မှုတမျိုး ရှိသည်။ အဲ့ဒါက မိမိတို့ကို ကျားကန်ပေးထားသော "လူ" များ၏ အကန့်အသတ်များကို မေ့လျော့သွားခြင်းပင် ဖြစ်သည်။ အစပိုင်းတွင် တိုက်ပွဲတခုက သတ္တိကို တောင်းဆိုသည်။ ထို့နောက် အချိန်ကို တောင်းဆိုသည်။ ထို့နောက် လုံခြုံမှုအဆုံးခံရန်ကို တောင်းဆိုသည်။ နောက်ဆုံးတွင်၊ အထိန်းအကွပ်မရှိပါက လူပုဂ္ဂိုလ်ကိုယ်တိုင်၏ ဖြစ်တည်မှုကိုပင် တောင်းဆိုလာသည်။ ပါဝင်သူတယောက်အဖြစ် မဟုတ်ဘဲ၊ သယံဇာတအရင်းအမြစ်တခုအဖြစ် တောင်းဆိုလာခြင်းကို ဆိုလိုသည်။ ဒီအချိန်ရောက်လာလျှင် ဘာသာစကားအသုံးအနှုန်းက မသိမသာ ပြောင်းလဲသွားတတ်သည်။ ပင်ပန်းနွမ်းနယ်ခြင်းကို "ကတိကဝတ်" ဟု အမည်ပြောင်းခေါ်သည်။ စိတ်ကုန်ခမ်းသွားခြင်းကို "ကိုယ်ကျင့်တရား အားနည်းခြင်း" ဟု တံဆိပ်ကပ်သည်။ အနားယူခြင်းသည် သံသယဖြစ်စရာကောင်းသော ဇိမ်ခံပစ္စည်းတခု ဖြစ်လာသည်။ မတရားမှုက အတိုင်းအဆမရှိ တောင်းဆိုလေ့ရှိသောကြောင့် တရားမျှတမှုမှာလည်း အတိုင်းအဆမရှိသော ဆာလောင်မှု ရှိသည်ဟု ကျွန်ုပ်တို့ ယုံကြည်ချင်ကြသည်။ ဆိုလိုတာက လူသားတို့သည် တရားမျှတမှုကို အဆုံးမရှိ လိုချင်ကြသည်ဟု တွေးမိတတ်သည်။ သို့...