Skip to main content

တိုးတက်မှု (Development) နှင့် သက်သာခြင်း-ပင်ပန်းခြင်း (စကားဝိုင်း ၂)

ကိုလင်း
ဒီနေ့ ဆွေးနွေးမယ့် ခေါင်းစဉ်က ကျွန်တော်တို့ နေ့တိုင်း ကြုံတွေ့နေရတဲ့ "တိုးတက်မှု" (Development) ဆိုတာပါပဲ။ တိုးတက်တယ်ဆိုတာ ဘာလဲ။ လူ့ဘဝကို သက်သာစေတာလား၊ ပိုရှုပ်ထွေးစေတာလား။ ရုပ်ပိုင်းဆိုင်ရာလား၊ စိတ်ပိုင်းဆိုင်ရာလား။ ကဲ... ဘယ်လိုမြင်လဲ စလိုက်ကြရအောင်။

ကိုသီလ
ကျွန်တော် အရင်စပြောမယ်ဗျာ။ ရုပ်ပိုင်းဆိုင်ရာ ပြောမယ်ဆိုရင်တော့ ကျောက်ဂူထဲ နေရတဲ့ဘဝထက်စာရင် အများကြီး တိုးတက်လာတာ ငြင်းလို့မရဘူး။ အစားအသောက်ဆိုရင်လည်း အမဲလိုက်စရာ မလိုတော့ဘူး၊ ပါကင်ထုတ်ပြီးသား အသားငါးတွေ စူပါမားကတ်မှာ အဆင်သင့် ဝယ်လို့ရပြီ။ Living Standard က မြင့်လာတာ အမှန်ပဲ။

မမေ
ဒါပေမဲ့ ကိုသီလရေ၊ အဲ့ဒီ "အဆင်သင့်" ကို ရဖို့အတွက် အရင်က မရှိခဲ့ဖူးတဲ့ "ရုန်းကန်မှု" အသစ်တစ်ခု ထပ်ပေါ်လာတယ်လေ။ ရှေးလူတွေက သားကောင်နောက် လိုက်ပြေးရတာ ပင်ပန်းတယ်၊ အခုလူတွေက အလုပ်ပြုတ်မှာ ကြောက်ရတာ၊ Performance ပြိုင်ရတာတွေနဲ့ ပင်ပန်းရပြန်ရော။ ရုပ်ပိုင်းဆိုင်ရာ သက်သာလာပေမဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုက ပိုများလာသလားလို့။

မစိန်
ဟုတ်တယ်၊ အားလုံး တိုးတက်သွားတာမှ မဟုတ်တာ။ မရှိတဲ့သူတွေကျတော့ နောက်ကောက်ကျန်ခဲ့တာပဲ။ ပြီးတော့ ပြန်စဉ်းစားကြည့်ဗျာ။ အရင်လို ဟင်းရွက်ကန်စွန်း ခူးစားပြီး နေပါတော့မယ်ဆိုရင်တောင် နေလို့မရတော့တဲ့ အခြေအနေ ဖြစ်နေပြီ။ "ရိုးရိုးရှင်းရှင်းလေး တောထဲမှာ ဝါးထိုးပြီး နေမလား" လို့မေးရင် တကယ်တမ်း ဘယ်သူမှ မနေနိုင်တော့ဘူး။

ကိုသီလ
အဲ့ဒါပဲဗျ။ အရင်က ဖုန်းမရှိလည်း နေနိုင်ခဲ့ကြတာပဲ။ အခုကျတော့ ဖုန်းမရှိ၊ အင်တာနက်မရှိ၊ မီးမလာရင် ငရဲကျသလို ဖြစ်နေပြီ။ Social Media မသုံးဘဲ နေနိုင်လားဆိုတော့လည်း မနေနိုင်ဘူး။ ဖြတ်မယ်ကြံလိုက်၊ သူများတွေ ဘာလုပ်နေလဲ စပ်စုချင်လို့ ပြန်သုံးလိုက်နဲ့ သံသရာလည်နေတာ။ အရင်က Luxury (ဇိမ်ခံပစ္စည်း) တွေက အခု Essentials (မရှိမဖြစ်) တွေ ဖြစ်ကုန်ပြီ။

မအေး
ကျွန်မဆို တွေးမိတယ်။ အာဖရိကက လူရိုင်းတွေလို အသားစိမ်းစား၊ လက်နဲ့စားဆို ကျွန်မတို့ စားတတ်မှာ မဟုတ်တော့ဘူး။ အိမ်သာဆိုရင်တောင် ဘိုထိုင်နဲ့မှ အဆင်ပြေတော့မလို ဖြစ်နေပြီ။ ဘိုထိုင်မရှိရင်ပဲ ကိုယ့်လူ့အခွင့်အရေး ချိုးဖောက်ခံနေရသလိုလို ခံစားနေရတာ (ရယ်လျက်)။ ဒါက ကိုယ်ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်အပေါ် မူတည်ပြီး တိုးတက်မှုကို လက်ခံပုံချင်း ကွာသွားတာပေါ့။

မစိန်
စကားစပ်မိလို့ မေးခွန်းထုတ်ချင်တာ တစ်ခုရှိတယ်။ တိုးတက်မှု (Development) နဲ့ ခေတ်မီမှု (Modernity) က တူလား။ ဥပမာ တောထဲက လူငယ်လေးတွေ လူမဲ့ဒရုန်းတွေ တီထွင်ပြတယ်။ အဲ့ဒါ ခေတ်မီတာလား၊ တိုးတက်တာလား။

မမေ
ကောင်းတဲ့ မေးခွန်းပဲ။ ကျွန်မမြင်တာကတော့ AI တွေသုံး၊ ဒရုန်းတွေသုံး၊ ဘိုထိုင်အိမ်သာ သုံးတာက "ခေတ်မီမှု" (Modernity) လို့ ထင်တယ်။ "တိုးတက်မှု" (Development) ကျတော့ နိုင်ငံသားတစ်ဦးချင်း ဝင်ငွေတိုးတာ၊ လူနေမှုစနစ် မြင့်တာ၊ တရားဥပဒေ စိုးမိုးတာမျိုးကို ဆိုလိုတာ ဖြစ်လိမ့်မယ်။ နည်းပညာသုံးတိုင်း တိုးတက်တာတော့ မဟုတ်ဘူးပေါ့။

ကိုလင်း
ဒါပေမဲ့ နည်းပညာက လူကို သက်သာစေတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ အလုပ်တွေ ပိုလုပ်နေရတာတော့ အမှန်ပဲ။ လယ်သမားတစ်ယောက် နည်းပညာသုံးပြီး စိုက်မယ်၊ စရိတ်တွေကြီးမယ်၊ အထွက်တိုးဖို့ ပိုလုပ်ရမယ်။ ပိုပင်ပန်းလာမယ်။ တိုးတက်မှုက သူ့အလိုလို ရောက်လာတာ မဟုတ်ဘဲ "ဒါကို လုပ်လိုက်ရင် ပိုသက်သာမယ်" ဆိုတဲ့ ကြော်ငြာမှုတွေအောက်မှာ ကျွန်တော်တို့ ပိုရုန်းကန်နေရသလိုပဲ။

မအေး
တချို့ကျတော့လည်း စိတ်သက်သာရာရဖို့ တရားစခန်း ဝင်ကြတယ်။ ရုပ်ဝတ္ထုတွေ မရှိတဲ့နေရာ၊ လုပ်စရာတစ်ခုတည်း (ဥပမာ- တရားမှတ်တာ) ကိုပဲ အာရုံစိုက်ပြီး ကျန်တာ မတောင်းဆိုတော့တဲ့ ဘဝမျိုးပေါ့။ Schedule (အချိန်ဇယား) တစ်ခုအတိုင်း နေရတာက စိတ်အေးချမ်းတယ်လို့ ခံစားရတယ်။

ကိုသီလ
အဲ့ဒါ ကျေးရွာက လူတွေရဲ့ ဘဝပုံစံပဲလေ။ သူတို့မှာ သာရေး၊ နာရေး၊ လုပ်စရာ Schedule လေးတွေ ရှိတယ်။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ မနေချင်ကြဘူး။ အဲ့ဒီ Routine (လုပ်ရိုးလုပ်စဉ်) လေးထဲမှာ နေရတာကိုက ဇိမ်ပဲ။ ဘာမှ ထွေထွေထူးထူး မလိုဘူး။ ဒါပေမဲ့ မြို့ပြလူသားတွေကတော့ Retreat (တရားစခန်း) သွား၊ ပြန်လာရင် Fresh ဖြစ်သယောင်ယောင်နဲ့ ပြီးတော့ ပင်ပန်းတဲ့ သံသရာထဲ ပြန်လည်နေကြတာပဲ။

မစိန်
ဟို ပုံပြင်လေးလိုပေါ့။ မက္ကဆီကန် တံငါသည်နဲ့ သူဌေးကြီး ဇာတ်လမ်းလေ။ သူဌေးကြီးက အလုပ်တွေကြိုးစား၊ ပိုက်ဆံတွေစု၊ ကြီးလာရင် ကမ်းခြေမှာ အေးအေးဆေးဆေး ငါးမျှားမယ် ဆိုတော့... တံငါသည်က "ကျွန်တော် အခု လုပ်နေတာ အဲ့ဒါပဲလေ" ဆိုပြီး ပြန်ပြောသလိုပေါ့။ (ရယ်လျက်)

ကိုလင်း
ဆွေးနွေးတာတွေ ပြန်ကြည့်ရင်... "တိုးတက်မှု" ဆိုတာက လူတွေရဲ့ ပင်ပန်းမှုကို လျှော့ချဖို့ ကျောက်ခေတ်ကနေ သံခေတ်၊ သံခေတ်ကနေ အိုင်တီခေတ် ပြောင်းလာတာ မှန်တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ပိုမိုက်တဲ့ ပစ္စည်းကို သုံးဖို့၊ ပိုကောင်းတဲ့ ဘဝကို ရဖို့ ကျွန်တော်တို့ ဘာတွေ ပေးဆပ်နေရလဲ။

မမေ
စိတ်ဆင်းရဲခြင်း (Misery) ဟာ တိုးတက်မှုရဲ့ ဘေးထွက်ဆိုးကျိုး (Side Effect) လားလို့တောင် မေးစရာ ဖြစ်လာပြီ။

ကိုသီလ
ပြီးတော့ လောဘ (Greed) ပေါ့။ လောဘက ကောင်းသလား၊ ထိန်းချုပ်သင့်သလား။ ကျွန်တော်တို့ သွားနေတဲ့ ပန်းတိုင် (Goal) က တကယ်ရော လိုအပ်ရဲ့လား။ Luxury တွေကို ရှင်သန်ဖို့အတွက် မရှိမဖြစ်လို့ ထင်အောင် ကျွန်တော်တို့ ဂိမ်းကစား ခံနေရတာလား။

ကိုလင်း
ဟုတ်ပါတယ်။ အရေးကြီးဆုံးကတော့ "တိုးတက်မှု ဆိုတာ ဘာလဲ" ဆိုတဲ့ Definition ကို ဘယ်သူက သတ်မှတ်ပေးနေတာလဲ ဆိုတာပါပဲ။ အဖွဲ့အစည်းတွေ၊ စံနှုန်းတွေက သတ်မှတ်ပေးတာလား၊ ကိုယ်တိုင်က သတ်မှတ်မှာလား။ နောက်ဆုံးတော့ ကျွန်တော်တို့ စတေးနေတဲ့ အရာက တိုးတက်မှုဆိုတဲ့ ခေါင်းစဉ်အောက်က မဆုံးနိုင်တဲ့ ပန်းတိုင်မရှိတဲ့ ပြေးပွဲတခုလား ဆိုတာ ဆက်ပြီး တွေးစရာပါပဲဗျာ။

Comments

Popular posts from this blog

တန်ဖိုးထားမှုများက အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖြစ်လာသောအခါ

လူ့အဖွဲ့အစည်းတိုင်းတွင် အမှားအမှန် ခွဲခြားသိမြင်ပြီး ဂရုစိုက်တတ်သူများ လိုအပ်သည်။ သူတို့မရှိလျှင် ရက်စက်မှုများသည် သာမန်ကိစ္စတခုကဲ့သို့ လွယ်လွယ်ကူကူ ဖြတ်သန်းသွားပေလိမ့်မည်။ သို့သော် ကိုယ်ကျင့်တရားဆိုင်ရာ စိုးရိမ်ပူပန်မှု (Moral concern) နှင့် လူမှုဗေဒပညာရှင်များ ခေါ်ဆိုသော "ကိုယ်ကျင့်တရား စွန့်ဦးတီထွင်မှု" (Moral entrepreneurship) ကြားတွင် ကွာခြားချက်တခု ရှိသည်။ ထိုကွာခြားချက်သည် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် တခုက လူ့ဂုဏ်သိက္ခာကို ကာကွယ်ပေးသော်လည်း၊ အခြားတခုက ကိုယ်ကျင့်တရားကို ထိန်းချုပ်ရေး ကိရိယာတခုအဖြစ် ပြောင်းလဲပစ်လေ့ ရှိသောကြောင့် ဖြစ်သည်။ ဟောင်းဝဒ် အက်စ် ဘက်ကာ (Howard S. Becker) သည် ၁၉၆၃ ခုနှစ်တွင် ထုတ်ဝေသော Outsiders: Studies in the Sociology of Deviance (ဘေးဖယ်ခံရသူများ - သွေဖည်ခြင်းဆိုင်ရာ လူမှုဗေဒ လေ့လာချက်များ) စာအုပ်တွင် Moral Entrepreneurship ဟူသည့် ဝေါဟာရကို ဖော်ပြခဲ့သည်။ အခန်း (၃) တွင် "တံဆိပ်ကပ်ခြင်း သီအိုရီ" (Labeling Theory) မှတဆင့် သွေဖည်ခြင်း (Deviance) ကို လူ့အဖွဲ့အစည်းက မည်သို့ တည်ဆောက်ယူသည်ကို ရှင်းပြရန် ဤအယူအဆကို မိတ်ဆက်ခဲ့သည်။ အချို့သော ...

အိမ်ထဲက နိုင်ငံရေး၊ သွေးထဲက ဒဿန

စာရှုသူ စဉ်းစားကြည့်ဖူးပါသလား။ လူတယောက်က ဘာကြောင့် အာဏာကို လိုလိုလားလား ခွဲဝေပေးရတာလဲ။ တချို့က ဘာလို့ အာဏာကို မက်မောလိုလားသလဲ။ နောက်တယောက်ကျတော့ ဘာကြောင့် အာဏာရှင်ဆန်ဆန် ခေါင်းဆောင်တယောက်ကို တိတ်တိတ်လေး မျှော်လင့်နေရတာလဲ။ ကျောင်းမှာ သင်ခဲ့တဲ့ နိုင်ငံရေးသိပ္ပံ သင်ခန်းစာတွေကြောင့်လို့ ထင်ပါသလား။ ဒါမှမဟုတ် သူတို့ ဖတ်ခဲ့တဲ့ စာအုပ်တွေကြောင့်လား။ တကယ်တော့ အဖြေက ဒီထက်ပိုပြီး နက်ရှိုင်းနိုင်ပါတယ်။ စာရေးသူတို့ရဲ့ နိုင်ငံရေးအမြင်တွေဟာ လွှတ်တော်ထဲမှာ မွေးဖွားတာမဟုတ်ဘဲ၊ ထမင်းဝိုင်းထဲမှာ၊ အိပ်ရာဝင်ပုံပြင်တွေထဲမှာ၊ မိဘနဲ့ သားသမီး ဆက်ဆံရေးတွေထဲမှာ သန္ဓေတည်ခဲ့တာ ဖြစ်နိုင်ပါတယ်။ မိသားစုဟူသည် ပထမဆုံးသော နိုင်ငံရေးစနစ် ပြင်သစ် မနုဿဗေဒပညာရှင်နှင့် သမိုင်းပညာရှင် Emmanuel Todd က စိတ်ဝင်စားစရာကောင်းတဲ့ သီအိုရီတခုကို တင်ပြခဲ့ပါတယ်။ သူက "ကမ္ဘာ့မြေပုံပေါ်က နိုင်ငံရေးဝါဒတွေ ကွဲပြားနေတာဟာ မတူညီတဲ့ မိသားစုစနစ် (Family Systems) တွေကြောင့် ဖြစ်တယ်" လို့ ဆိုပါတယ်။ Todd ရဲ့ အဆိုအရ ကမ္ဘာပေါ်မှာ အဓိက မိသားစုပုံစံကြီး နှစ်မျိုး ရှိပါတယ်။ ၁။ ဩဇာပဓာနမိသားစု (Authoritarian Family) - ဒီမိသားစုမျိုးမှာ ဖခင်ရဲ့ အာဏ...

တိုက်ပွဲသည် အဆုံးမဲ့ညှစ်ထုတ်ယူရန်မဟုတ်

တော်လှန်တိုက်ပွဲဝင်လှုပ်ရှားမှုများတွင် တွေ့ရတတ်သော အသံမထွက်သည့် ရက်စက်မှုတမျိုး ရှိသည်။ အဲ့ဒါက မိမိတို့ကို ကျားကန်ပေးထားသော "လူ" များ၏ အကန့်အသတ်များကို မေ့လျော့သွားခြင်းပင် ဖြစ်သည်။ အစပိုင်းတွင် တိုက်ပွဲတခုက သတ္တိကို တောင်းဆိုသည်။ ထို့နောက် အချိန်ကို တောင်းဆိုသည်။ ထို့နောက် လုံခြုံမှုအဆုံးခံရန်ကို တောင်းဆိုသည်။ နောက်ဆုံးတွင်၊ အထိန်းအကွပ်မရှိပါက လူပုဂ္ဂိုလ်ကိုယ်တိုင်၏ ဖြစ်တည်မှုကိုပင် တောင်းဆိုလာသည်။ ပါဝင်သူတယောက်အဖြစ် မဟုတ်ဘဲ၊ သယံဇာတအရင်းအမြစ်တခုအဖြစ် တောင်းဆိုလာခြင်းကို ဆိုလိုသည်။ ဒီအချိန်ရောက်လာလျှင် ဘာသာစကားအသုံးအနှုန်းက မသိမသာ ပြောင်းလဲသွားတတ်သည်။ ပင်ပန်းနွမ်းနယ်ခြင်းကို "ကတိကဝတ်" ဟု အမည်ပြောင်းခေါ်သည်။ စိတ်ကုန်ခမ်းသွားခြင်းကို "ကိုယ်ကျင့်တရား အားနည်းခြင်း" ဟု တံဆိပ်ကပ်သည်။ အနားယူခြင်းသည် သံသယဖြစ်စရာကောင်းသော ဇိမ်ခံပစ္စည်းတခု ဖြစ်လာသည်။ မတရားမှုက အတိုင်းအဆမရှိ တောင်းဆိုလေ့ရှိသောကြောင့် တရားမျှတမှုမှာလည်း အတိုင်းအဆမရှိသော ဆာလောင်မှု ရှိသည်ဟု ကျွန်ုပ်တို့ ယုံကြည်ချင်ကြသည်။ ဆိုလိုတာက လူသားတို့သည် တရားမျှတမှုကို အဆုံးမရှိ လိုချင်ကြသည်ဟု တွေးမိတတ်သည်။ သို့...