Fellowship အကြိုစစ်ဆေးခြင်း Fellowship အကြိုစစ်ဆေးခြင်း အကြိုစစ်ဆေးခြင်း ဒီ pretest က political knowledge သို့မဟုတ် morally preferred answers ကို စစ်ဆေးအမှတ်ပေးဖို့ရာ လုံးဝမဟုတ်ပါဘူး။ အချိန်ကန့်သတ်ချက်ရှိနေတဲ့ကြား၊ အချက်အလက် မပြည့်စုံတဲ့ကြားထဲက တန်ဖိုးထားမှုတွေ လွန်ဆွဲနေတာ၊ ရင်ဆိုင်ရတဲ့ အန္တရာယ်ချင်း မတူညီတာတွေကို ထည့်သွင်းစဉ်းစားပြီး အထောက်အထားအသစ် ရလာတဲ့အခါ မိမိအသိနဲ့ ယုံကြည်မှုကို ဘယ်လောက်ပြန်လည်ပြင်ဆင်သလဲဆိုတာ ဆန်းစစ်ဖို့သာဖြစ်ပါတယ်။ အောင်ခြင်း သို့မဟုတ် ကျရှုံးခြင်း မရှိပါ။ ဒီလိုဖြေမှ ကိုယ်ကျင့်တရားကောင်းတယ်ဆိုတဲ့ ပုံသေအဖြေမျိုး ထည့်သွင်းထားတာလည်း မရှိပါဘူး။ ပါဝင်သူတဦးမှ မည်သည့် ကျိုးကြောင်းဆင်ခြင်မှုရှုထောင့်ကို ရှေ့တန်းတင်လေ့ရှိကြောင်းနှင့် ပံ့ပိုးကူညီသူများ (facilitators) အနေဖြင့် မည်သည့်ရှုထောင့်များကို ပိုမိုဂရုတစိုက် ထည့်သွင်းစဉ်းစားစေသင့်ကြောင်းကို စဉ်းစားနိုင်ရုံသာဖြစ်ပါတယ်။ ပါဝင်သူအမည် / Nickname Group ...
အာဏာဖီဆန်ခြင်းကို ပြန်လည်စဉ်းစားခြင်း | ဒဿနဆုံရပ် ဆုံ ဒဿနဆုံရပ် လေ့လာစရာ အုတ်မြစ် ၃ ခု ရှုထောင့် ၅ လွှာ အဓိကမေးခွန်း ဒဿနဆုံရပ် စကားဝိုင်းအကျဉ်းချုပ် အာဏာဖီဆန်ခြင်းကို ပြန်လည်စဉ်းစားခြင်း အာဏာဖီဆန်ခြင်းကို မိုက်မဲသော အမိန့်မနာခံမှု သို့မဟုတ် အလိုအလျောက်မြင့်မြတ်သော ပုန်ကန်မှုအဖြစ် မယူဆဘဲ၊ ကိုယ်ကျင့်တရား၊ ဥပဒေ၊ အာဏာ၊ တာဝန်ယူမှု၊ အဖွဲ့အစည်းနှင့် လွတ်မြောက်မှုတို့ ဆုံရာက လူမှုနိုင်ငံရေးမေးခွန်းတခုအဖြစ် လေ့လာခြင်း။ စတင်ဖတ်ရှုရန် အဓိကမေးခွန်းသို့ စာတမ်းအချက်အလက် အလေးပေးကဏ္ဍ ကိုယ်ကျင့်တရားဒဿန၊ နိုင်ငံရေးသီအိုရီ၊ လူမှုဗေဒ၊ ဥပဒေဒဿန ပြင်ဆင်မှု Circle of Dialogues (ဒဿနဆုံရပ်) ထုတ်ဝေသည့်ရက် ဇွန် ၂၀၂၆ ...