Skip to main content

Fellowship Guide Pretest

Fellowship အကြိုစစ်ဆေးခြင်း
Fellowship အကြိုစစ်ဆေးခြင်း

အကြိုစစ်ဆေးခြင်း

ဒီ pretest က political knowledge သို့မဟုတ် morally preferred answers ကို စစ်ဆေးအမှတ်ပေးဖို့ရာ လုံးဝမဟုတ်ပါဘူး။ အချိန်ကန့်သတ်ချက်ရှိနေတဲ့ကြား၊ အချက်အလက် မပြည့်စုံတဲ့ကြားထဲက တန်ဖိုးထားမှုတွေ လွန်ဆွဲနေတာ၊ ရင်ဆိုင်ရတဲ့ အန္တရာယ်ချင်း မတူညီတာတွေကို ထည့်သွင်းစဉ်းစားပြီး အထောက်အထားအသစ် ရလာတဲ့အခါ မိမိအသိနဲ့ ယုံကြည်မှုကို ဘယ်လောက်ပြန်လည်ပြင်ဆင်သလဲဆိုတာ ဆန်းစစ်ဖို့သာဖြစ်ပါတယ်။

အောင်ခြင်း သို့မဟုတ် ကျရှုံးခြင်း မရှိပါ။ဒီလိုဖြေမှ ကိုယ်ကျင့်တရားကောင်းတယ်ဆိုတဲ့ ပုံသေအဖြေမျိုး ထည့်သွင်းထားတာလည်း မရှိပါဘူး။ ပါဝင်သူတဦးမှ မည်သည့် ကျိုးကြောင်းဆင်ခြင်မှုရှုထောင့်ကို ရှေ့တန်းတင်လေ့ရှိကြောင်းနှင့် ပံ့ပိုးကူညီသူများ (facilitators) အနေဖြင့် မည်သည့်ရှုထောင့်များကို ပိုမိုဂရုတစိုက် ထည့်သွင်းစဉ်းစားစေသင့်ကြောင်းကို စဉ်းစားနိုင်ရုံသာဖြစ်ပါတယ်။

Email ပို့သောအခါ ဤအချက်အလက်များကို TXT ထဲတွင်သာ ထည့်ပေးပါမည်။

ဇာတ်လမ်း ၁ / ၅

ကျိုးကြောင်းဆင်ခြင်မှု ပရိုဖိုင်

၎င်းသည် အာရုံစိုက်မှုပုံစံတစ်ခုဖြစ်ပြီး၊ ဉာဏ်ရည်၊ တန်ဖိုးထားမှု သို့မဟုတ် ခေါင်းဆောင်မှုအရည်အသွေးကို အကဲဖြတ်ခြင်း မဟုတ်ပါ။

ပါဝင်သူမှ ရှေ့တန်းတင်လေ့ရှိသည့် အရာများ

    Facilitator များမှ ထည့်သွင်းစဉ်းစားစေသင့်သည့် အရာများ

      ပြန်လည်ပြင်ဆင်မှုပုံစံ

      ယုံကြည်မှုပုံစံ

      ရေးသားထားသော ကျိုးကြောင်းဆင်ခြင်မှုအတွက် Facilitator အကဲဖြတ်စံညွှန်း

      အလိုအလျောက် ပရိုဖိုင်သည် ရေးသားထားသော ရှင်းလင်းချက်များ၏ အရည်အသွေးကို အကဲမဖြတ်နိုင်ပါ။ အောက်ပါစံညွှန်းကို အသုံးပြု၍ အကြောင်းပြချက်တစ်ခုစီကို ပြန်လည်သုံးသပ်ပါ။ ရမှတ်များကို စုစုပေါင်းအဆင့်တစ်ခုတည်းသို့ မပေါင်းပါနှင့်။

      စွမ်းဆောင်ရည်၀ — မတွေ့ရပါ၁ — တစိတ်တပိုင်း တွေ့ရသည်၂ — ရှင်းလင်းစွာ တွေ့ရသည်
      အချက်အလက်နှင့် ယူဆချက်ကို ခွဲခြားနိုင်ခြင်းမိမိဘာသာ ကောက်ချက်ချထားတာကို ခိုင်မာတဲ့ အချက်အလက်အဖြစ် ယူဆတယ်မသေချာမှုအချို့ကို အသိအမှတ်ပြုသည်သိရှိထားသည်များ၊ ကောက်ချက်ချထားသည်များနှင့် မသိရှိသည်များကို ရှင်းလင်းစွာ ခွဲခြားနိုင်သည်
      လိုအပ်နေသော အချက်အလက်များကို ဖော်ထုတ်နိုင်ခြင်းလိုအပ်နေသည်များကို မမေးဘဲ လုပ်ဆောင်သည်ယေဘုယျ လိုအပ်သောအချက်အလက်များကို ဖော်ပြသည်ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်သည့် တိကျသော အချက်အလက်များကို ဖော်ပြသည်
      လုပ်ပိုင်ခွင့်နှင့် အာဏာကို ပုံဖော်နိုင်ခြင်းလူသိရှင်ကြား ရာထူးများကိုသာ အာရုံစိုက်သည်တရားဝင်မဟုတ်သော လွှမ်းမိုးမှုတစ်ခုကို သတိပြုမိသည်အာဏာ၊ အရင်းအမြစ်များ၊ ဗီတိုအာဏာ၊ အကောင်အထည်ဖော်မှုနှင့် မှီခိုနေရမှုတို့ကို ဆန်းစစ်သည်
      လုပ်ပိုင်ခွင့်ပေးအပ်မှုနှင့် ကိုယ်စားပြုမှုကို ဆန်းစစ်ခြင်းသက်သေခံလက္ခဏာ (identity) သည် ကိုယ်စားပြုမှုနှင့် တူညီသည်ဟု ယူဆသည်တိုင်ပင်ဆွေးနွေးမှုကို ထည့်သွင်းပြောဆိုသည်ကိုယ်တွေ့ အတွေ့အကြုံ၊ ကိုယ်စားပြုရမယ့်သူ၊ လုပ်ပိုင်ခွင့်ရထားတာနဲ့ တာဝန်ခံရတာတွေကို ကွဲကွဲပြားပြား ခွဲခြားမြင်တယ်
      အပေးအယူ သဘောသဘာဝများကို နားလည်ခြင်းဘာမှပေးဆပ်စရာ မလိုဘဲ အလွယ်တကူ လုပ်လို့ရမယ့်သဘောမျိုး တင်ပြတယ်အန္တရာယ်တစ်ခုကို ထည့်သွင်းပြောဆိုသည်မည်သည့်အရာကို ရရှိမည်၊ မည်သည့်အရာကို ရွှေ့ဆိုင်းမည်၊ မည်သည့်အရာကို စွန့်စားရမည်ကို ဖော်ပြသည်
      ဆက်စပ်ပြီး ဖြစ်ပေါ်လာမယ့် ဂယက်တွေကို ကြိုတင်ခန့်မှန်းခြင်းချက်ချင်းဖြစ်ပေါ်မည့် ရည်ရွယ်ချက်ကိုသာ စဉ်းစားသည်ဖြစ်နိုင်ခြေရှိသော တုံ့ပြန်မှုတစ်ခုကို ဖော်ပြသည်ဖြစ်လာနိုင်သော တုံ့ပြန်မှုများ၊ အကျိုးဆက်များနှင့် ရည်ရွယ်မထားသော အကျိုးသက်ရောက်မှုများကို ဆန်းစစ်သည်
      အခြေအနေသစ်နှင့်အညီ ပြန်လည်ပြင်ဆင်ခြင်းအချက်အလက်သစ်ကို လျစ်လျူရှုသည် (သို့) အကြောင်းပြချက်မရှိဘဲ ပြောင်းလဲသည်ရပ်တည်ချက်ကို ပြောင်းလဲသော်လည်း ယုတ္တိနည်းပါးသည်အထောက်အထားက အစီအစဉ်၊ ယုံကြည်မှု သို့မဟုတ် လုပ်ဆောင်ချက်ကို အဘယ်ကြောင့် ပြောင်းလဲစေသည်ကို ရှင်းပြသည်

      Comments

      Popular posts from this blog

      တိုးတက်မှု (Development) နှင့် သက်သာခြင်း-ပင်ပန်းခြင်း (စကားဝိုင်း)

      ကိုလင်း ဒီနေ့ ဆွေးနွေးမယ့် ခေါင်းစဉ်က ကျွန်တော်တို့ နေ့တိုင်း ကြုံတွေ့နေရတဲ့ "တိုးတက်မှု" (Development) ဆိုတာပါပဲ။ တိုးတက်တယ်ဆိုတာ ဘာလဲ။ လူ့ဘဝကို သက်သာစေတာလား၊ ပိုရှုပ်ထွေးစေတာလား။ ရုပ်ပိုင်းဆိုင်ရာလား၊ စိတ်ပိုင်းဆိုင်ရာလား။ ကဲ... ဘယ်လိုမြင်လဲ စလိုက်ကြရအောင်။ ကိုသီလ ကျွန်တော် အရင်စပြောမယ်ဗျာ။ ရုပ်ပိုင်းဆိုင်ရာ ပြောမယ်ဆိုရင်တော့ ကျောက်ဂူထဲ နေရတဲ့ဘဝထက်စာရင် အများကြီး တိုးတက်လာတာ ငြင်းလို့မရဘူး။ အစားအသောက်ဆိုရင်လည်း အမဲလိုက်စရာ မလိုတော့ဘူး၊ ပါကင်ထုတ်ပြီးသား အသားငါးတွေ စူပါမားကတ်မှာ အဆင်သင့် ဝယ်လို့ရပြီ။ Living Standard က မြင့်လာတာ အမှန်ပဲ။ မမေ ဒါပေမဲ့ ကိုသီလရေ၊ အဲ့ဒီ "အဆင်သင့်" ကို ရဖို့အတွက် အရင်က မရှိခဲ့ဖူးတဲ့ "ရုန်းကန်မှု" အသစ်တစ်ခု ထပ်ပေါ်လာတယ်လေ။ ရှေးလူတွေက သားကောင်နောက် လိုက်ပြေးရတာ ပင်ပန်းတယ်၊ အခုလူတွေက အလုပ်ပြုတ်မှာ ကြောက်ရတာ၊ Performance ပြိုင်ရတာတွေနဲ့ ပင်ပန်းရပြန်ရော။ ရုပ်ပိုင်းဆိုင်ရာ သက်သာလာပေမဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုက ပိုများလာသလားလို့။ မစိန် ဟုတ်တယ်၊ အားလုံး တိုးတက်သွားတာမှ မဟုတ်တာ။ မရှိတဲ့သူတွေကျတော့ နောက်ကောက်ကျန်ခဲ့တာပဲ။ ပြီးတော့ ပြန...

      ကိုယ်ကျင့်တရား သန့်ရှင်းစင်ကြယ်မှုကို ဆန့်ကျင်၍ (သို့မဟုတ်) အမှားနှင့်မကင်းသော လူသားများကို ကာကွယ်ခြင်း

        လူသားများသည် အမှားလုပ်တတ်ကြသည်။ ဤသည်မှာ အဆိုးမြင်သော ပြောဆိုချက်မဟုတ်ပါ။ ရှိရင်းစွဲ အခြေအနေကို ဖော်ပြခြင်းသာ ဖြစ်သည်။ အချို့အမှားများသည် သေးငယ်ပြီး မေ့ပစ်နိုင်သော်လည်း၊ အချို့မှာမူ ကြီးလေးပြီး ထိခိုက်နစ်နာစေသည်။ လူများသည် လိမ်ညာတတ်ကြသည်။ အာဏာကို အလွဲသုံးစား လုပ်တတ်ကြသည်။ အဂတိ ဖြစ်မည်။ ယုံကြည်မှုကို သစ္စာဖောက်တတ်ကြသည်။ ဤအချက်ကို ငြင်းပယ်ခြင်းဖြင့် စတင်သော မည်သည့် ကိုယ်ကျင့်တရားဟောပြောချက် သို့မဟုတ် နိုင်ငံရေး အတွေးအခေါ်မဆို မျှော်လင့်ချက် ရှိနေသည် မဟုတ်ပါ။ ကျိုးပဲ့လွယ်နေခြင်းသာ ဖြစ်သည်။ သို့သော် ကိုယ်ကျင့်တရားဆိုင်ရာ ယဉ်ကျေးမှုများ (အထူးသဖြင့် နိုင်ငံရေးနှင့် တက်ကြွလှုပ်ရှားမှု နယ်ပယ်များ) တွင် လူ့သဘာဝ၏ ဆန့်ကျင်ဘက်ကို ဘက်ယူဟောပြော ယူဆထားလေ့ ရှိသည်။ တဖက်တွင် လူကောင်းများ ရှိပြီး၊ အခြားတဖက်တွင် လူဆိုးများ ရှိသည်ဟု စိတ်ကူးကြသည်။ သန့်ရှင်းစင်ကြယ်မှု (Purity)၊ ရှေ့နောက်ညီညွတ်မှုနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သန့်ရှင်းမှုတို့ကို ရှာဖွေကြသည်။ ကျရှုံးမှု ပေါ်လာသောအခါ ထိတ်လန့်သွားကြသည်။ ထို့နောက် ဒေါသထွက်ကြသည်။ ထို့နောက် ဖယ်ထုတ်ပစ်လိုက်ကြသည်။ ပြီးတော့ ထိုသံသရာကို ဆက်လှည့်ကြသည်။ ဤစာသည် ကွဲပြား...