မိမိနေထိုင်ရာ
အသိုက်အမြုံ၊ မိမိ၏မျိုးနွယ်၊ မိမိ၏လူထုကို ချစ်မြတ်နိုးခြင်းသည်
လူသားတို့၏ သဘာဝတခုဖြစ်သည်။ ဤချစ်ခြင်းမေတ္တာသည် အိမ်တအိမ်၏ နွေးထွေးမှု၊
ဘေးကင်းလုံခြုံမှုနှင့် စုပေါင်းမှတ်ဉာဏ်၏ ခိုင်မာမှုတို့ကို ပေးစွမ်းသည်။
သို့သော် ထိုအချစ်သည် "ငါတို့က သူများထက်သာသည်" ဟူသော မာန်မာနအဖြစ်သို့
လမ်းမလွဲသွားရန် အရေးကြီးလှသည်။
နိုင်ငံရေးတွင်၊
မိမိအသိုက်အဝန်းကို ချစ်ခြင်းသည် အမျိုးသားရေးစိတ်ဓာတ်အဖြစ်
ပုံပေါ်လာတတ်သည်။ ဟန်ချက်ကျနသော အမျိုးသားရေးစိတ်ဓာတ်သည်
မိမိတို့၏အမွေအနှစ်ကို ဂုဏ်ယူခြင်း၊ တာဝန်ယူမှုရှိခြင်းနှင့် အချင်းချင်း
စည်းလုံးညီညွတ်ခြင်းကို ဆိုလိုသည်။ သို့သော် ဤအရာက အခြားအသိုက်အဝန်းများကို
မုန်းတီးခြင်း၊ သူတို့၏တန်ဖိုးများကို နှိမ့်ချခြင်း သို့မဟုတ်
သူတို့အပေါ် လွှမ်းမိုးချုပ်ကိုင်လိုခြင်းဆီသို့ ဦးတည်သွားသောအခါ
အဆိပ်အတောက်သဖွယ် ဖြစ်လာသည်။ ထိုအခါ အချင်းချင်းချစ်ခင်ခြင်း မဟုတ်တော့ဘဲ၊
မိမိကိုယ်ကို အမွှမ်းတင်ပြီး သူတပါးကို ဖယ်ကျဉ်သည့် နိုင်ငံရေး
ဖြစ်သွားတော့သည်။
အဓိကမှာ သဘာဝကို ပစ်ရန်မဟုတ်၊ သဘာဝခေါင်းစဉ်အောက်တွင် သူတပါးကို မဖျက်ဆီး မပယ်ထုတ်ရန်သာဖြစ်သည်။
အများနှင့်မတူဘဲ
ထူးကဲသာလွန်သည်ဟု မခံယူဘဲ မိမိအသိုက်အဝန်းကို ချစ်ခြင်းသည်
မထောင်လွှားခြင်းအပေါ် အခြေခံသည်။ ပထမဦးစွာ၊ မိမိတို့၏သမိုင်းတွင်လည်း
အမှားအယွင်း၊ နာကျင်စေမှုနှင့် အမည်းစက်များ ရှိခဲ့ဖူးကြောင်း ရဲရဲဝံ့ဝံ့
ဝန်ခံရဲခြင်း ဖြစ်ရမည်။ ပြီးပြည့်စုံသောလူမျိုး သို့မဟုတ် အပြစ်ကင်းသော
နိုင်ငံ့လူထုဟူ၍ မရှိပါ။ မိမိတို့၏အားနည်းချက်ကို ဝန်ခံခြင်းသည်
မိမိတို့၏အားသာချက်ကို ငြင်းပယ်ခြင်း မဟုတ်ပေ။
ထို့အတူ
အခြားအသိုက်အဝန်းများ၏ ထူးခြားသော အလှတရားနှင့် တန်ဖိုးများကိုလည်း
လေးစားတတ်ရမည်။ ကိုယ့်အိမ်ကို ချစ်ခြင်းသည် အိမ်နီးချင်း၏အိမ်ကို
မီးရှို့ရန် တိုက်တွန်းခြင်း မဟုတ်ပေ။ မိမိတို့၏ကိုယ်ပိုင်အမှတ်သညာကို
နက်ရှိုင်းစွာ ထိန်းသိမ်းထားရင်း၊ အခြားသူများအား
သူတို့၏ကိုယ်ပိုင်အဓိပ္ပာယ်ကို ဖန်တီးခွင့်ပေးခြင်းသည် စစ်မှန်သော
နှိမ့်ချမှုဖြစ်သည်။
စစ်မှန်သော အသိုက်အဝန်းကို
ချစ်ခြင်းသည် အာဏာပြခြင်းမှ မဟုတ်ဘဲ၊ တာဝန်ယူမှုမှ ပေါက်ဖွားလာသည်။
ကျွန်ုပ်တို့သည် မိမိတို့၏အသိုက်အဝန်းကို စောင့်ရှောက်ရမည်၊ သို့သော်
အခြားသူများကို ဖျက်ဆီးခြင်းဖြင့် မိမိအသိုက်အဝန်းကို စောင့်ရှောက်၍
မရနိုင်ပေ။ ထိုအခါမှသာ ကျွန်ုပ်တို့၏ လူထုသည် အားလုံးအတွက်
လုံခြုံနွေးထွေးသော အသိုက်အမြုံတခု ဖြစ်လာပေလိမ့်မည်။
ကိုလင်း ဒီနေ့ ဆွေးနွေးမယ့် ခေါင်းစဉ်က ကျွန်တော်တို့ နေ့တိုင်း ကြုံတွေ့နေရတဲ့ "တိုးတက်မှု" (Development) ဆိုတာပါပဲ။ တိုးတက်တယ်ဆိုတာ ဘာလဲ။ လူ့ဘဝကို သက်သာစေတာလား၊ ပိုရှုပ်ထွေးစေတာလား။ ရုပ်ပိုင်းဆိုင်ရာလား၊ စိတ်ပိုင်းဆိုင်ရာလား။ ကဲ... ဘယ်လိုမြင်လဲ စလိုက်ကြရအောင်။ ကိုသီလ ကျွန်တော် အရင်စပြောမယ်ဗျာ။ ရုပ်ပိုင်းဆိုင်ရာ ပြောမယ်ဆိုရင်တော့ ကျောက်ဂူထဲ နေရတဲ့ဘဝထက်စာရင် အများကြီး တိုးတက်လာတာ ငြင်းလို့မရဘူး။ အစားအသောက်ဆိုရင်လည်း အမဲလိုက်စရာ မလိုတော့ဘူး၊ ပါကင်ထုတ်ပြီးသား အသားငါးတွေ စူပါမားကတ်မှာ အဆင်သင့် ဝယ်လို့ရပြီ။ Living Standard က မြင့်လာတာ အမှန်ပဲ။ မမေ ဒါပေမဲ့ ကိုသီလရေ၊ အဲ့ဒီ "အဆင်သင့်" ကို ရဖို့အတွက် အရင်က မရှိခဲ့ဖူးတဲ့ "ရုန်းကန်မှု" အသစ်တစ်ခု ထပ်ပေါ်လာတယ်လေ။ ရှေးလူတွေက သားကောင်နောက် လိုက်ပြေးရတာ ပင်ပန်းတယ်၊ အခုလူတွေက အလုပ်ပြုတ်မှာ ကြောက်ရတာ၊ Performance ပြိုင်ရတာတွေနဲ့ ပင်ပန်းရပြန်ရော။ ရုပ်ပိုင်းဆိုင်ရာ သက်သာလာပေမဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုက ပိုများလာသလားလို့။ မစိန် ဟုတ်တယ်၊ အားလုံး တိုးတက်သွားတာမှ မဟုတ်တာ။ မရှိတဲ့သူတွေကျတော့ နောက်ကောက်ကျန်ခဲ့တာပဲ။ ပြီးတော့ ပြန...
Comments
Post a Comment